Gender Balance Tracker အကြောင်း
WAN-IFRA Women in News ၏ AI နည်းပညာ အသုံးပြု ကိရိယာတစ်ခု ဖြစ်ပြီး၊ မီဒီယာ အကြောင်းအရာများတွင် ကျား/မ ကိုယ်စားပြုမှုကို တိုင်းတာကာ မြှင့်တင်ပေးပါသည်။
WAN-IFRA အကြောင်း
The World Association of News Publishers (WAN-IFRA) သည် ကမ္ဘာ့သတင်းစာလောက၏ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်း ဖြစ်ပါသည်။ ၎င်း၏ ရည်မှန်းချက်မှာ သတင်းထောက်များနှင့် တည်းဖြတ်သူများ၏ လွတ်လပ်သောသတင်းမီဒီယာ လုပ်ကိုင်ဆောင်ရွက်ခွင့် အခွင့်အရေးများကို ကာကွယ်ရန် ဖြစ်ပါသည်။
၎င်းတို့၏ ကွန်ရက်သည် နိုင်ငံပေါင်း ၁၂၀ ရှိ သတင်းအဖွဲ့အစည်း ၃,၀၀၀၊ မီဒီယာအသင်း ၆၀ နှင့် ထုတ်ဝေမှု ၁၈,၀၀၀ အထိ ကွန်ယက်ဖြန့်ကျက်လျက်ရှိပါသည်။ ဒစ်ဂျစ်တယ်လောကတွင် တီထွင်ဆန်းသစ်ပြီး ရှင်သန်တိုးတက်နိုင်ရန် ဗဟုသုတနှင့် ဝန်ဆောင်မှုများကို ပေးအပ်ပါသည်။
Women in News (WIN) အကြောင်း
မီဒီယာတွင် ကျား/မတန်းတူညီမျှရေးနှင့် ပါဝင်မှုကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် WAN-IFRA မှ ၂၀၁၀ ခုနှစ်တွင်စတင်ထူထောင်ခဲ့ခြင်းဖြစ်ပါသည်။ အာဖရိက၊ အရှေ့တောင်အာရှ၊ ယူရေးရှား၊ လက်တင်အမေရိကနှင့် အာရပ်ဒေသ အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်တွင် လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။ မီဒီယာအဖွဲ့အစည်း ၁,၂၀၀ ကျော် နှင့် လုပ်ငန်းဆိုင်ရာ ပါဝင်ပတ်သက်သူများနှင့် ပူးပေါင်းဆောင်ရွက်ထားသည်။
အဓိကယုံကြည်ချက်။ ။သတင်းခန်းများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် သတင်းအကြောင်းအရာများသည် ကျား/မ တန်းတူညီမျှသော မီဒီယာအသိုက်အဝန်းတစ်ခုအတွက် အဓိကသော့ချက် ဖြစ်သည်။ ခေါင်းဆောင်မှု အရှိန်မြှင့်တင်ရေး အစီအစဉ်။ ။ ၂၀၁၅ ခုနှစ်မှစ၍ ဘွဲ့ရ ၁,၅၀၀ ကျော်၊ ၃ လအတွင်း အသက်မွေးဝမ်းကြောင်း ရာထူးတိုးတက်မှု ၆၇%။ Swedish International Development Cooperation Agency (Sida) နှင့် နော်ဝေမှ ပံ့ပိုးသည်။ အမှုဆောင်ညွှန်ကြားရေးမှူး၊ မီဒီယာဖွံ့ဖြိုးရေး။ ။ Melanie Walker။
"သတင်း အကြောင်းအရာများတွင် ကျား/မ ဟန်ချက်ညီမှု ရှိစေရန် သေချာစေခြင်းသည် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်တစ်ခုသာမက ငွေကြေးဆိုင်ရာ တာဝန်တစ်ခုလည်း ဖြစ်သည်။ အမျိုးသမီးများသည် မိမိကိုယ်ကို ထင်ဟပ်တွေ့မြင်ရသော အကြောင်းအရာများကို ဖတ်ရှုလေ့ရှိသော်လည်း၊ ပျမ်းမျှအားဖြင့် ၂၅% သာ တွေ့မြင်၊ ကြား၊ ဖတ်ရှုခွင့် ရရှိကြသည်။"
ကျား/မ ဟန်ချက်ညီမှု လမ်းညွှန်
WIN သည် 'အမျိုးသမီးများ၏ အသံများကို ပိုမိုထုတ်ဖော်ခြင်း။ ။မီဒီယာအတွက် ကျား/မ ဟန်ချက်ညီမှု လမ်းညွှန်' ကို ထုတ်ဝေခဲ့ပြီး၊ ၎င်းသည် သတင်းခန်းများအတွက် လက်တွေ့အသုံးချနိုင်သော လမ်းညွှန်တစ်ခု ဖြစ်ပါသည်။
လမ်းညွှန်တွင် ကျား/မ ဟန်ချက်ညီမှုကို အမျိုးအစား ၃ ခုဖြင့် သတ်မှတ်ဖော်ပြထားသည်:
- သတင်း အကြောင်းအရာများတွင် အမျိုးသမီးများကို ထင်ရှားစွာ ဖော်ပြထားမှု
- အမျိုးသမီးများ၏ အသံနှင့် ထင်မြင်ချက်များ ပါဝင်ခြင်း
- အမျိုးသမီးများအား တင်ဆက်ဖော်ပြပုံ (ပုံသေ သတ်မှတ်ဖော်ပြမှုများ၊ ရှုထောင့်တစ်ခုခုမှ ပုံဖော်တင်ပြခြင်း)
ဤလမ်းညွှန်ကို အင်္ဂလိပ်၊ အာရဗီ၊ မြန်မာနှင့် ရုရှားဘာသာစကားများဖြင့် ရရှိနိုင်ပါသည် – Women in News ဝဘ်ဆိုက်တွင် ဖတ်ရန်။
Gender Balance Tracker သည် ဤအမျိုးအစားများကို AI အသုံးပြု၍ အလိုအလျောက် တိုင်းတာပေးပြီး အင်္ဂလိပ်၊ ယူကရိန်း၊ အာရဗီ၊ မြန်မာနှင့် ဘော့စနီးယား၊ ခရိုအေးရှား၊ ဆားဘီးယား (BHS) ဘာသာများဖြင့် လုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့၏ အညွှန်းကိန်း ၁၁ ခု (အရေအတွက်ဆိုင်ရာ ၅ ခု + အရည်အသွေးဆိုင်ရာ ၆ ခု) သည် လမ်းညွှန်ချက်မူဘောင်နှင့် တိုက်ရိုက် ချိတ်ဆက်ထားပါသည်။
Tracker အလုပ်လုပ်ပုံ
ကျွန်ုပ်တို့၏ လေ့လာဆန်းစစ်မှုစနစ်သည် သတင်းအကြောင်းအရာများအတွင်း ကျား၊မ ကိုယ်စားပြုဖော်ပြမှုကို ရှုထောင့် ၁၁ ခုမှ အကဲဖြတ်ပြီး ပြည့်စုံသော ရှုမြင်မှုရရှိရန် လုပ်ဆောင်ပါသည်။
အရေအတွက်ဆိုင်ရာ အညွှန်းကိန်းများ
- •အဓိကနေရာမှ ဖော်ပြခံရသူအမျိုးသမီးများ
- •သတင်းရင်းမြစ်အဖြစ် ပါဝင်သူ အမျိုးသမီးများ
- •ရေးသားသူ အမျိုးသမီးများ
- •ဖော်ပြမှု အချိုး
- •ကျွမ်းကျင်သူ ရင်းမြစ်နှင့် ကျွမ်းကျင်သူမဟုတ်သူ ရင်းမြစ်များ
အရည်အသွေးဆိုင်ရာ အညွှန်းကိန်းများ
- •အခန်းကဏ္ဍ/ မိမိသဘောအတိုင်း လွတ်လပ်စွာ ဆုံးဖြတ်ဆောင်ရွက်နိုင်စွမ်း ဆန်းစစ်ချက်
- •စိတ်ခံစားချက်နှင့် ဖော်ပြမှုပုံစံ
- •ပုံသေ သတ်မှတ်ဖော်ပြမှုများကို ရှာဖွေဖော်ထုတ်ခြင်း
- •ယဉ်ကျေးမှု/အဖွဲ့အစည်းဆိုင်ရာ သတင်းဖော်ပြမှု၏ ဟန်ပန်နှင့် သဘောထား
- •ကျား/မ ဘက်မလိုက်သော ဘာသာစကားဆိုင်ရာ အကြံပြုချက်များ
- •ဘက်လိုက်သည့် အသုံးအနှုန်း သတိပေးချက်များ
ကျား/မ ဟန်ချက်ညီမှု အမှတ် (၀–၁၀၀) လုပ်ဆောင်နိုင်သော အတိုင်းအတာ တစ်ခုတည်းကို ပေးပါသည်။ သတင်းထောက်များ၊ သတင်းတည်းဖြတ်သူများနှင့် သတင်းခန်း ခေါင်းဆောင်များအတွက် ရေးဆွဲထားခြင်းဖြစ်ပြီး၊ အချက်အလက်သိပ္ပံပညာရှင်များအတွက် မဟုတ်ပါ။
စမ်းသုံးကြည့်ရန် အဆင်သင့်ဖြစ်ပါပြီလား? သင်၏ သတင်းအကြောင်းအရာအား ဆန်းစစ်မှု စတင်ရန်.
လုပ်ဆောင်မှု နည်းစနစ်အကြောင်း ပိုမို သိရှိလိုပါသလား? ကျား/မ ဟန်ချက်ညီမှု လမ်းညွှန်အား ဖတ်ရန်.